ပန်းတောင်း ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့နံနက် ၆ နာရီက အထက(ပန်းတောင်း)၊ အ.ထ.က ဆင်တဲ၊ အ.ထ.က ထုံးဘို၊ အ.ထ.က ဥသျှစ်ပင်၊ အ.ထ.က ရှားဖြူကွင်း၊ အ.ထ.က ဂုံညှင်းတန်းစာစစ်ဌာန(၆)ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန(၆)ခု၌ ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၇၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၂၀ ဦး ဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၂၅. ၂၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၇)ဦးရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)