ကျိုက်မရော ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၉၆)ဦးရှိရာ ဖြေဆိုသူစုစုပေါင်း (၂၈၂)ဦးတို့ဖြစ်ပြီး အောင်မြင်သူ စုစုပေါင်း (၁၆၇)ဦးတွင် ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူကျောင်းသူ(၁)ဦး၊ ၃ဘာသာ (၁)ဦး၊ ၂ဘာသာ (၃)ဦး၊ ၁ဘာသာ(၁၀)ဦး စုစုပေါင်း(၁၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၅၉.၂၂) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)