တွံတေး ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂ဝ၂၅ ခုနှစ် မတ်လ(၁၇) ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန(၂)ခုတွင် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တွံတေးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ဖြစ်သော အထက(၁)တွံတေး၊ အထက(၂)မြို့မတွံတေးတို့တွင် စာရင်းရှိ ကျောင်းသား(၄၆၇)ဦး၊ ကျောင်းသူ(၅၇၁)ဦး စုစုပေါင်း(၁၀၃၈)ဦးဖြစ်ပြီး၊ ကျောင်းတွင်း/ပြင်ပ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၄၁၇)ဦး၊ ကျောင်းသူ(၅၅၀)ဦး၊ စုစုပေါင်း(၉၆၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅) ဘာသာ(၂)ဦး၊ (၄)ဘာသာ(၁)ဦး၊ (၃)ဘာသာ(၂)ဦး၊ (၂)ဘာသာ(၇)ဦး၊ တစ်ဘာသာ(၁၂)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး ဖြေဆိုသူ(၉၆၇)ဦးတွင် အောင်မြင်သူ(၃၃၉)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး