မိတ္ထီလာ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်းမှ ရိုးကန် - ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၃၁၆ ဒသမ ၈၃၈ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ 0.87km X 3.66m x 375mm ရှိ ရန်ကုန်-မန္တလေးကားလမ်းမှ ရိုးကန် - ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးလှခိုင်နှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်နှင်းနှင်းအိလှိုင်တို့ ဇူလိုင် ၂၆ ရက်ကကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)