တွံတေး ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး သန်လျင်မြို့မှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသရေးအစီအစဉ်ကို တွံတေးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်းရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကုသရာတွင် လာရောက်ဆေးကုသသောလူနာများအား ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုတိုင်ပေးခြင်းများဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ဆေးကုနေရာများသို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးကာ ပြည်သူ့ဆေးရုံးကြီး သန်လျင်မှ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် (မျက်စိ)အထူးကုဆရာဝန်ကြီး၊ (ကလေး)အထူးကုဆရာဝန်ကြီး၊ (ခွဲစိတ်)အထူးကုဆရာဝန်ကြီး၊ (နား၊ နှာခေါင်း၊ လည်ချောင်း) အထူးကုဆရာဝန်ကြီး (အရိုး၊ အကြော) အထူးကုဆရာဝန်ကြီး၊ (အထွေထွေ)အထူးကုဆရာဝန်ကြီးများက စုစုပေါင်းလူနာ(၉၅၈)ကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အထူးကုသမှုခရီးစဉ်တွင် အထူးကု(၉)မျိုးနှင့်အတူ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးဌာနအနေဖြင့် တီဘီရောဂါရှာဖွေခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းကွင်းဆင်းဆေးကုသရာသို့ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ၊ ဝန်ထမ်းများ လာရောက်ပြသကြကြောင်း သိရသည်။
တွံတေးသား