ဆိပ်ဖြူ-အရှေ့ကံတွင်း - ပခုက္ကူကားလမ်း ချစ်ချောင်းရေကျော်လမ်းလွှဲပြုပြင်ရေး ကွင်းဆင်းဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ -အရှေ့ကံတွင်း - ပခုက္ကူ ကားလမ်း မိုင်တိုင်အမှတ် ၁၃မိုင် ၃ ဖာလုံနှင့် ၅ ဖာလုံအကြားရှိ ချစ်ချောင်းရေကျော် လမ်းလွှဲပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယမန်နေ့ညနေပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

ဆိပ်ဖြူ-အရှေ့ကံတွင်း- ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် ၁၃ မိုင် ၃ ဖာလုံနှင့် ၅ ဖာလုံကြား၌ ချစ်ချောင်းကွန်ကရစ် ရေကျော်သည် မိုခါမုန်တိုင်းမိုးရွာသွန်းမှုများခဲ့ပြီး ချစ်ချောင်းကွန်ကရစ်ရေကျော်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်လမ်းဦးစီးဌာနနှင့် လမ်းတင်ဒါကုမ္ပဏီတို့မှ တာဝန်ယူ၍ ချစ်ချောင်းရေ ရှောင်ကွင်းလမ်းဖောက်လုပ်ပေးခဲ့ကြောင်း၊ အဆိုပါ ချစ်ချောင်းရေ ရှောင်ကွင်းလမ်းသည် စက်တင်ဘာလဆန်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပိုင်းအချို့ ပြန်လည်ပျက်စီးမှုကို ပြန်လည်ပြုပြင်ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဝင်းနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ လမ်းတင်ဒါကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါ၍  ချစ်ချောင်းရေ ရှောင်ကွင်းလမ်းမြေနေရာကြည့်ရှု စစ်ဆေးပြီး လမ်းတင်ဒါကုမ္ပဏီမှ တာဝန်ရှိသူက ရှောင်ကွင်းလမ်းဖောက်လုပ်မည့်လုပ်ငန်းရပ်များ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 

ကိုဇွဲ(အညာမြေ)