ညောင်ဦး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီအချိန် ဧရာဝတီမြစ် ရေတိုင်းထွာမှုအရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၁၂၆ စင်တီမီတာ ရောက်ရှိနေကာ ၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဒေါ်ခင်လှနုထွေးထံမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက် ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၁ နာရီအ ချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၆ စင်တီမီတာ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်အထက် ပေတက်ခန့်ကျော်လွန်ရောက်ရှိနိုင်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မြစ်ရေကြီးမှုအခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့လေ့ကျင့်ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု တစ်စုအင်အား(၃၅)ဦး ဖြင့်စုဖွဲ့ထားရှိကြောင်း အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပါက တယ်လီဖုံး ၁၉၁၊ ၀၆၁၂၄၆၀၁၉၁ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ဒီပါလင်း