တံတားဦး စက်တင်ဘာ ၅
တံတားဦးခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေါင်းကွဲကျေးရွာအုပ်စု သင်ပန်းကျေးရွာ သန့်ရှင်းသောသောက်သုံးရေရရှိရေး ရည်ရွယ်ချက်ဖြင့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ(၂၀၀၀)ဆံ့ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးသည့် အပြင် ကျေးရွာချင်းဆက် လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတူးဖော်ပေးသည့် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၄.၅” PVC (၂၀၀’)စက်ရေတွင်း တူးဖော်ပေးခြင်း၊ အလျား(၁၂)ပေ အနံ(၈)ပေ၊ အမြင့်(၆)ပေရှိ ရေဂါလံ(၂၀၀၀)ဆံ့ အုတ်ရေကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ) ရေစက်ရုံ၊ ပေ(၂၀၀)ရှိ မီးလိုင်းနှင့် မီတာတပ်ဆင်ခြင်းလုပ်ငန်းဖြစ်ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ(၁၃.၂၁)ကျပ်သန်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းပြီးစီးပါက သင်ပန်းကျေးရွာရှိ အိမ်ခြေများကို သန့်ရှင်းသောသောက်သုံရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောယဉ်စုထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)