မင်းတုန်းမြို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းတုန်း စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကျင်းပရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလှိုင်က အဂတိလိုက်စားမှုဖြစ်ပွားပါက အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေများဆွေးနွေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးက အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာတွင်လိုအပ်သည့် အထောက်အထားများဆွေးနွေးခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာခြည်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းလူဦးရေ(၁၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)