ရွှေပြည်သာ စက်တင်ဘာ ၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးကြပ်ရေးမှူးဦးမျိုးသူနိုင်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာအမူအကျင့်ကောင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ကြီးကြပ်ရေးမှူးဦးစောလှမင်းမှ ကျောင်းသား/သူများနှင့် အမှိုက်စို/ခြောက်ခွဲခြားခြင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးခင်မောင်လေးနှင့်အဖွဲ့က ကျောင်းသား/သူများနှင့် အမှိုက်နှင့်ပတ်သက်၍ အသိပညာပေးကဗျာများရွတ်ဆိုခြင်းများကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့် ဒုမြို့နယ်ပညာရေးမှူးဦးအောင်မျိုးဆန်းတို့က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးအပ်လှူဒါန်းသော အမှိုက်အိတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်မှပေးအပ်ရာ ကျောင်အုပ်ဆရာမကြီးဒေါ်မြမြဝင်းက လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ ကျောင်အုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများ တက်ရောက်ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)