ကျောက်တန်း စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင်စက်တင်ဘာလ ၄ ရက်နေ့ညနေ ၄ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ခေတ္တဥက္ကဋ္ဌဗိုလ်မှူးအောင်သန်းထွန်းက အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ မီးဘေးအန္တရာယ် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ထိုဘေးအန္တရာယ်များကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကရိယာများကို စနစ်တကျကိုယ်တွယ်အသုံးပြုတက်စေရန် (မွမ်းမံ)သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း စိတ်ပါဝင်စားစွာ လာရောက်သင်တန်းတက်ရောက်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး
ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်တူညီဝတ်စုံများပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ခေတ္တဥက္ကဋ္ဌဗိုလ်မှူးအောင်သန်းထွန်း မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ရဲမှူးမင်းဇော် မြို့နယ်လဝကဦးစီးမှူးဦးမြင့်ဝင်း ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးသန့်ဇင်ထွန်းနှင့်ဖိတ်ကြားထားသူများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပြီး သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကို မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကပ်ရောဂါ ဘေးအန္တရာယ်မီးငြှိမ်းသတ်ရေးကာကွယ်တားဆီးရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ စက်တင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)