အောင်မြေသာစံ စက်တင်ဘာ ၅
နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး) ၏ လူငယ်သီတင်းပတ်၊ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှု အစီအစဉ်အဖြစ် ဉာဏဗလနှင့် စာရိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) Cultural Room တွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အဖွင့်အမှာစကား ပြောကြားပြီး အရှေ့တိုင်းပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာထွေး က စာရိတ္တ ဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လောကနီတိလာ လူမှုကျင့်ဝတ်များကို အသိပညာမျှဝေသည်။
ဆက်လက်၍ ဉာဏဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် Ai Digital Skills in the 21st Century ကို ပြင်သစ်ဘာသာ အထူးပြု စတုတ္တနှစ်ကျောင်းသူများဖြစ်ကြသော မချောနေဇာညွန့် (Fren -IV-4) ၊ မသင်းကံ့ကော်ထွန်း (Fren -IV-7)၊ မနော်ယုမွန် (Fren -IV-9)၊ မချိုသံစဉ် (Fren -IV-10) နှင့် မစုယဉ်ဝင်း (Fren -IV-13) တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီးထို့ ပါမောက္ခချုပ်က ဦးဆောင်ဆွေးနွေးခဲ့ကြ သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)