ချောင်းဆုံ စက်တင်ဘာ ၅
“လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင်အဆင်ပြေစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် မရမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မိုးစပါးနှင့်ရာသီစိုက်ပျိုးသီးနှံများအရည်အသွေးပြည့်မီကာ အထွက်နှုန်းပိုမိုတိုးတက်လာစေရန် စပါးနှင့်သီးနှံများတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရေးနည်းလမ်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သည့်နည်းလမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံနှင့်ဝန်ထမ်းများတို့က ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်၍ အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)