မချမ်းဘောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မချမ်းဘော စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုမြှင့်တင်လာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကြမည့် ကျေးရွာ ရပ်ကွက်များ၊ အသင်းခေါင်းဆောင်များက ဘောလုံးပွဲစနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ချမှတ်ရမည့်စည်းကမ်းများ၊ မူဘောင်များ၊ စံနှုန်းများကို  အသီးသီးဆွေးနွေးသဘောတူ ကြပြီး မြို့ပေါ်(၄)ရပ်ကွက်မှ အသင်းနှစ်(၂)သင်း၊ နမ်ခမ် ကျေးရွာမှ(၁)သင်း၊ ထရန်းဒမ်းကျေးရွာမှ (၁)သင်း၊ အင်ဘူးဘော့ကျေးရွာမှ(၁)သင်း၊ နန်ဘူယမ်ကျေးရွာမှ(၁)သင်း၊ အလန်ဂါးကျေးရွာမှ (၁)သင်း၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ (၁)သင်း စုစုပေါင်း (၈)သင်း ပါဝင်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယှဥ်ပြိုင်ကြမည့် ဘောလုံးအသင်း(၈)သင်းကို အုပ်စု(က)နှင့် အုပ်စု(ခ) အသင်း(၂) သင်းခွဲ၍ အုပ်စုပွဲစဥ် ကစားသွားမည်ဖြစ်ပြီး စက်တင် ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)