ပေါင်းတည်မြို့နယ် ကြူတောကန်ကျေးရွာ၌ ဇီဝအချက်အလက်များ ကောက်ယူ၍ UID ကတ်များ ပြုလုပ်‌‌ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပင်စင်စားဝန်ထမ်း‌ဟောင်းများနှင့် ရပ်ရွာပြည်သူများထံမှ ဇီဝအချက်အလက်များ ကောက်ယူ၍ UID ကတ်များဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကြူတောကန်ကျေးရွာသို့ ဆက်လက်ကွင်းဆင်းကာ ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်‌ပေးကြသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းက ကျေးလက်ပြည်သူများ UID ကတ်များရရှိရေးအတွက် ဝန်ထမ်းများအား အနီးကပ်ကြီးကြပ်လျက် ကျေးလက်ပြည်သူများထံမှ ဇီဝအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ကြူတောကန်ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ရွှေသား