ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ နယူးဧရာ-၁၁(F-1) မိုးစပါးစုပေါင်း ကောက်စိုက်ပွဲကျင်းပ

ငပုတော ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ နယူးဧရာ၁၁(F1) မိုးစပါးစုပေါင်းကောက်စိုက်ပွ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၃၇၂(က)၊ ဦးပိုင်အမှတ် ၁၈/၁ တောင်သူ ဦးသိန်းထွေး၏လယ်မြေ (၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ပြီး ကြိုးတန်းစနစ်ဖြင့် နယူးဧရာ-၁၁ (F-1) မိုးစပါးအား စုပေါင်း‌ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား ပန်းတိုင်အထွက်နှုန်း တိုးထွက်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး၊ မျိူးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး နှင့်လိုအပ်သည်များမှာကြားပြီး ကောက်စိုက်‌တောင်သူများအား စားသောက်ဖွယ်ရာများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ