သတင်းများ

စလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထန်းပင်ခေါင်းပိုင်းပြတ်ကျ၍ လျှပ်စစ်မီးကြိုးများ ပြတ်တောက်
Sep 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဥယျာဥ်တော်ကျေးရွာအနီးတွင် ထန်းပင်ခေါင်းပိုင်းပြတ်ကျ၍ စလင်း၊ ဆင်ဖြူကျွန်း 11 KV ဓာတ်အားလိုင်းလျှပ်စစ်မီးကြိုးများ ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့အတွင်းရှိ စိုက်ဧက(၂၀၀)အတွက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)မှ မတည်ချေးငွေကျပ် သန်း(၄၀)ပေးအပ်
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ အသင်းသားတောင်သူများ၏ စိုက်ဧက(၂ဝဝ)အတွက် (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့် ညီမျှသော မတည်ချေးငွေ (သွင်းအားစု/မျိုးစပါး)များအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြိတ်မြို့ရှိ ကျွန်းစုမြို့နယ် သမဝါယမအသင်းစုခွဲရုံး၌ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏ စီစဉ် ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍အခြေခံ လူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်က မြို့မစျေးအတွင်းရှိ ဒေါ်ဇာကုန်စုံဆိုင်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပသည်။
ဆိပ်ဖြူမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဆောင်ရွက်
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေနံချောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်
Sep 05,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၃ ရက်နေ့က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ ကျင်းပ
Sep 05,2023
လားရှိုးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့နယ် မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။