စလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထန်းပင်ခေါင်းပိုင်းပြတ်ကျ၍ လျှပ်စစ်မီးကြိုးများ ပြတ်တောက်

စလင်း စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်  ဥယျာဥ်တော်ကျေးရွာအနီးတွင် ထန်းပင်ခေါင်းပိုင်းပြတ်ကျ၍ စလင်း၊ ဆင်ဖြူကျွန်း 11 KV ဓာတ်အားလိုင်းလျှပ်စစ်မီးကြိုးများ  ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စီးမီးကြိုးများ ပြတ်တောက်နေမှုကို မြို့နယ်လျှပ်စစ်ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)