ဆိပ်ဖြူမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ လူကုန်ကူးခံရမှုမှ ကာကွယ်ဆောင်ရွက်နိုင်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆိပ်ဖြူ(အ.ထ.က)ကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်က လူကုန်ကူးမှုအကြောင်းသိကောင်းစရာများကို ရှင်းလင်းဟောပြောပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့များအကြောင်း ဟောပြောအသိပညာပေးခဲ့ကြောင်း သိရသည်။ 

ကိုဇွဲ(အညာမြေ)