ရေနံချောင်း စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးတို့က မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင်ပြည်သူ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်နှင့် နှားခေါင်းစည်းများကို ရေဘေးရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ ကျား (၆) ဦး၊ မ (၉) ဦး စုစုပေါင်း (၁၅) ဦးတို့သည် ဩဂုတ် ၃၁ ရက်နေ့က ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပဘုရားဝန်းအတွင်းရှိ တန်ဆောင်းဇရပ်များ၌ ရေဘေးရှောင်အဖြစ် ယာယီနေထိုင် လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်