လားရှိုး စက်တင်ဘာ ၅
လားရှိုးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့နယ် မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် စေတနာရှင်များက သင်တန်းအတွက် အလှူငွေများ ပေးအပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)