သတင်းများ

ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရတနာ သိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲအား ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပြုလုပ်သည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိရစ္ဆာန်မွေးမြူနည်းအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk. Show) ပြုလုပ်
Sep 05,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူနည်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk. Show) ကိုယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သီပေါမြို့နယ် ဆွတ်လန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားပြုလုပ်
Sep 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်အားပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်ကာ တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျောဧက (၉၀၀)ကျော် စိုက်ပျိုးပြီး တောင်သူများ စျေးကောင်းရသဖြင့် လုပ်ငန်းအဆင်ပြေ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေပေါ်ကျွန်း၊ ငါးဆူ၊ ကင်းစိန်စျေး၊ လောင်းတော်ဦး၊ နွားကူးလေး၊ အုပ်ရှစ်ကုန်း၊ တလိုင်းကုန်း၊ ကြောင်ပန်းကုန်း၊ ပွဲလုံးကျော်၊ သရက် ပင်ကံဆွယ်၊ ခရုတုတ်၊ ကဆွန်၊ ကျန်တော၊ ရွာခိုင်ကြီး၊ ဒါးဝယ်အင်း၊ မြနဒီ၊ လက်ပံဆိပ် ကျေးရွာများတွင် ငှက်ပျောအများဆုံးစိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောအဖီးခြောက်ဖီးပါ ငှက်ပျောခိုင် (၄၀)ပါလှည်းတစ်စီးငွေကျပ်(၂) သိန်း ရှစ်သောင်းခွဲကျပ်ဖြင့်  ရောင်းချပြီး  စျေးကောင်းရသဖြင့်  ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့ အ.လ.က(ခွဲ)ကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့က ထောင်စုံမဟက်ကျေးရွာအုပ်စု ချောင်းတာစူးကျေးရွာ အလက(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။