ရေနံချောင်း စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၃ ရက်နေ့က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယမန်နေ့နံနက် ၃ နာရီခန့်က မိုးရေချိန် ၂ ဒသမ ၀၀ လက်မရွာသွန်းမှုကြောင့် ချောင်းတိမ်ချောင်းနှင့် သပြေတန်းချောင်းတို့မှ ချောင်းရေများလျှံကာ အစိုးရရုံးဌာန အဆောက်အဦးအချို့နှင့် တွင်းကြီးမင်းစုရပ်ရှိ အိမ်ခြေ(၁၁၇)အိမ်နှင့် လူဦးရေပေါင်း(၆၂၈)ဦးနှင့် သပြေ-(၁)ရပ်၊ ကန္နားလမ်းရပ်၊ ရွှေဒင်္ဂါးရပ်၊ စလင်းတန်းရပ်တို့ရှိ အိမ်ခြေ(၈၆)အိမ်၊ လူဦးရေ(၄၀၄)ဦးတို့၏ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ရေပြန်ကျသွားချိန်တွင် ရန်ကုန်-မန္တလေးကားလမ်းတစ်လျောက်နှင့် လမ်းပေါ်တွင် ရှိရွံနွံများကျန်ရှိခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများ အခက်ခက်များ ဖြစ်ပေါ်လျက်ရှိသည်။
ရေနံချောင်းမြို့နယ်တွင် တစ်လကျော်ကြာသည်အထိ မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ယနေ့ရွာသွန်းသော မိုးသည်မိုးရေချိန် ၂ ဒသမ ၀၀ လက်မရှိပြီး ဒေသအခေါ်ကြည်လွဲမိုးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)