သံဖြူဇရပ် စက်တင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူနည်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk. Show) ကိုယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဆွေးနွေးပွဲ (Talk Show) များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းက မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တိရစ္ဆာန်မွေးမြူရေးစနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရမည့် အချက် (၅) ချက်ဖြစ်သည့် ခြံတည်နေရာရွေးချယ်ခြင်းနှင့် ခြံစနစ်ဆောက်လုပ်မှုမှန်ကန်ခြင်း၊ မျိုးဗီဇရွေးချယ်ခြင်း၊ တိရစ္ဆာန်အစာ (အဟာရ) ရွေးချယ်ကျွေးမွေးခြင်း၊ မွေးမြူရေးခြံစီမံခန့်ခွဲခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ စျေးကွက်ထိုးဖောက်ရွေးချယ်သည့် စနစ်မှန်ကန်ခြင်းစသည့် အချက်များကို စနစ်တကျ လုပ်ကိုင်မွေးမြူနိုင်မှသာလျှင် မွေးမြူရေးလုပ်ငန်းကောင်းစွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ပြည်သူအသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိသည်။
မြို့နယ် (ပြန်/ဆက်)