ရွှေဘို စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရတနာ သိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မျိုးမျိုးက ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုပွဲတော်များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဒုတိယ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ တင်တင်ရီက ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက် ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများကို ဆက်လက်ကျင်းပရာ ရွှေဘိုတက္ကသိုလ်ရှိ စာကြည့်တိုက်သို့ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးစီ သွားရောက်စာဖတ်စေခြင်း၊ ဌာနပေါင်းစုံ Exchange Programme ကျောင်းသား၊ ကျောင်းသူ(၃၀) ဦးစီ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မျိုးမျိုးနှင့် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများ၊ သရုပ်ပြ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြသည်။
ရွှေဘိုတက္ကသိုလ်တွင် ကျင်းပပြုလုပ်လုပ်သော ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများကို စက်တင် ဘာလ ၄ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ ၈ ရက်နေ့အထိ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လွန်ဆွဲပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပပေးမည်ဖြစ်ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်