ပျော်ဘွယ်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၅

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲအား ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူက နိုင်ငံတော်အနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူကုန်ကူးခြင်းမခံရစေရေး ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရှိရန် လိုအပ်ပါကြောင်း စသည်တို့ကို ကျောင်းသား၊ကျောင်းသူများနှင့်အတူ အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်ရုံးတွင်ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ ထိုကဲသို့ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)