တောင်ပြိုလက်ဝဲ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ဟောပြောရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် သုတ၊ရသစာအုပ် စာပေများကိုလည်း ဖတ်ရှုရန် လိုအပ်ပါကြောင်း၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား ၊ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)