မိုင်းယောင်းမြို့နယ်၌ ဆန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေနွေးပွဲ ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေနွေးပွဲကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး တောင်သူလယ်သမားအစုအဖွဲ့မှ  စပါးစိုက်ပျိုးမှု၊ စပါးထွက်ရှိမှု၊ စံပြကွက်များဆောင်ရွက်မှု၊ စပါး(၁)ဧက ပန်းတိုင်ရည်မှန်းချက်ထွက်ရှိအောင် ဆောင်ရွက်မှု၊ စပါးပိုလျှံမှု၊ ပိုလျှံစပါးများအား ဆန်စက်တွင်ကြိတ်ခွဲမှု၊ ဆန်စက်တွင်ကြိတ်ခွဲပြီးသော်လည်း ပိုလျှံသည့်စပါးများအား အခြားဒေသသို့ရောင်းချခြင်းကို ပိတ်ထားသည့်အတွက် ဆန်အဖြစ် ပြန်လည်ရောင်းချနိုင်ရေး၊ ဆန်စက်နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဆန်ဖူလုံမှု၊ ဒေသအတွင်းစားသုံးမှု၊ အလှူ/မုန့်လုပ်ခြင်းအပြင် အခြားအသုံးပြုခြင်းတို့ကိုဖယ်၍ ဒေသတွင်းစပါးပိုလျှံမှု၊ စပါးထွက်ရှိသမျှကို ဆန်စက်မှ ကြိတ်ခွဲမပေးနိုင်ခြင်းနှင့် ပေါက်ဈေးဖြင့် ဝယ်ယူမှုမရှိပါက တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ ဈေးကွက်ဖော်ဆောင်မည့်စနစ်၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့် နည်းလမ်းများစာတမ်းဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ သမဝါယမအစုအဖွဲ့မှ သမဝါယမအစုအဖွဲ့များဖွဲ့စည်းနိုင်မှု၊ ဒေသအတွင်း စိုက်ပျိုးမှုမှထွက်ရှိလာသောစပါးများအား ဆန်စက်တွင်ကြိတ်ခွဲမှု၊ ဆန်စက်တွင် စပါးများပိုမိုကြိတ်ခွဲနိုင်ရေး၊ သမဝါယမအစုအဖွဲ့များ ထပ်မံဖွဲ့စည်းပြီး စပါးရောင်းချနိုင်ရေး၊ စပါးများအားအခြားဒေသသို့ ရောင်းချခြင်းကို ပိတ်ထားသည့်အတွက် ဖြစ်ပေါ်လာနိုင်သည့်အချက်များ၊ ဆန်အဖြစ်ပြန်လည်ရောင်းချနိုင်ရေး၊ ဆန်စက်နှင့်ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ စပါးထွက်ရှိသမျှကို ဆန်စက်မှကြိတ်ခွဲမပေးနိုင်ခြင်းနှင့် ပေါက်ဈေးဖြင့်ဝယ်ယူမှုမရှိပါက တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ ဈေးကွက်ဖော်ဆောင်မည့်စနစ်၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့်နည်းလမ်းများ စာတမ်းဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ရေးအစုအဖွဲ့မှ ဆန်စက်ဖွင့်လှစ်၍ ဆန်ကြိတ်ခွဲနေမှု၊ ဆန်စက်လည်ပတ်မှု၊ ဆန်စက်ထပ်မံလိုအပ်မှု၊ ကုန်ကြမ်းဖြစ်သောစပါးမှ ကုန်ချောဖြစ်သော ဆန်ရောင်းချနိုင်ရေး၊ အခွန်ပေးဆောင်မှု၊ အခွန်ပေးဆောင်ရန်ပျက်ကွက်မှု၊ အခွန်ပျက်ကွက်မှုကြောင့် ဥပဒေအရအရေးယူနိုင်မှု၊ ဒေသအတွင်း စိုက်ပျိုးမှုမှထွက်ရှိလာသော စပါးများအား ဆန်စက်တွင်ကြိတ်ခွဲမှု၊ ဆန်စက်တွင် စပါးများပိုမိုကြိတ်ခွဲနိုင်ရေးသည် စပါးရောင်းချနိုင်မှုအပေါ်မူတည်မှု၊ စပါးများအားအခြားဒေသသို့ ရောင်းချခြင်းကို ပိတ်ထားသည့်အတွက် ဖြစ်ပေါ်လာနိုင်သည့်အချက်များ၊ ဆန်အဖြစ်ပြန်လည်ရောင်းချနိုင်ရေး၊ ဆန်စက်နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စပါးထွက်ရှိသမျှကို ဆန်စက်မှကြိတ်ခွဲမပေးနိုင်ခြင်းနှင့် ပေါက်ဈေးဖြင့် ဝယ်ယူမှုမရှိပါက တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ ဈေးကွက်ဖော်ဆောင်မည့်စနစ်၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့်နည်းလမ်းများစာတမ်းဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)