အမ်းမြို့နယ်၌ တပ်တောင်မြို့ ရပ်ကွက် (၃)ကွက်အား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်

အမ်း  စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ‌နတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ တပ်တောင်မြို့ရပ်ကွက်(၃)ကွက်အား CensusUnit ဖွဲ့စည်းခြင်း လုပ်ငန်းကို ယနေ့ ဖွဲ့စည်းဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

အဆိုပါ  Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းအား နေပြည်တော်ဦးစီးရုံးချုပ် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်မေသက်ထွန်း ဦးဆောင်၍ ဝန်ထမ်း ၃ ဦးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်း ၃ ဦး၊ အမ်းခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ အမှတ်(၁) ရပ်ကွက် တပ်တောင်တွင် CU-၁၊ အထစ-၁၉၂၊ ကျား- ၃၃၂ ဦး၊ မ-၃၇၆ ဦး စုစုပေါင်း ၇၈၀ ဦး၊ အမှတ်(၂)ရပ်ကွက် တပ်တောင်တွင် CU-၃၊ အထစ-၄၂၀၊ ကျား-၉၂၆ ဦး၊ မ-၉၆၄ ဦး စုစုပေါင်း ၁၈၉၀ ဦး၊ အမှတ်(၃) ရပ်ကွက် တပ်တောင်တွင် CU-၁၁၊ အထစ-၁၄၅၄၊ ကျား-၂၈၉၄ ဦး၊ မ-၃၄၃၁ ဦး စုစုပေါင်း ၆၃၂၅ ဦး၊  ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

အဆိုပါ တပ်တောင်မြို့ရပ်ကွက် (၃)ကွက်အား သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းဆောင် ရွက်နေမှုအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးပြီး အချိန်နှင့် တပြေးညီဆောင်ရွက် နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း