သဲကုန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဈေးများ၌ စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိဈေးများတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များ အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးဦး၊ စားသုံးသူရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထင်ဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မာလာသိန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်တို့က မြို့နယ်အတွင်းရှိ သဲကုန်းမြို့မဈေး၊ ပုတီးကုန်းမြို့မဈေးများရှိ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းတင်ရောင်းချခြင်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)