သတင်းများ

လက်ပံတန်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) လက်ပံတန်းတွင် ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အခြေပြု၍ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)စတင်ထိုးနှံပေး
Sep 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်နိုင်အတွက် ကျောင်းအခြေပြု ကာကွယ် ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ဒလမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းတိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌   ကျင်းပခဲ့သည်။
မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Sep 18,2023
အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများအား လူကုန်ကူးခံရမှုအန္တရာယ်များမှ သိရှိနားလည် ရှောင်ရှားနိုင်စေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အ.ထ.က (မိုးညို)၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မိုးညို) သရဖူခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့တွင် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက် (၉) နာရီက ဓာတ်အားကြိုးနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် မြို့သစ်မြို့ပေါ်နှင့် မြိူ့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
တံတားမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ အသိပညာပေးဟောပြော
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် တံတားမြို့ အ.ထ.က ကျောင်း၊ သီရိရတနာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
စုကလိမြို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးနံရံကပ်ပြဘုတ်ပြသဆောင်ရွက်
Sep 18,2023
ပလတ်စတစ်၏ ဆိုးကျိုးအန္တရာယ်နှင့် ယနေ့ကမ္ဘာပေါ်ရှိ ပလတ်စတစ်သုံးစွဲမှုတို့ကို လျှော့ချနိုင်ရေးတို့ကို အသိပညာရရှိနိုင်စေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဥ်ဖြင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြသဆောင်ရွက်ခဲ့သည်။