စုကလိမြို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးနံရံကပ်ပြဘုတ်ပြသဆောင်ရွက်

စုကလိ စက်တင်ဘာ ၁၈

ပလတ်စတစ်၏ ဆိုးကျိုးအန္တရာယ်နှင့် ယနေ့ကမ္ဘာပေါ်ရှိ ပလတ်စတစ်သုံးစွဲမှုတို့ကို လျှော့ချနိုင်ရေးတို့ကို အသိပညာရရှိနိုင်စေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဥ်ဖြင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပလတ်စတစ်သုံးစွဲမှုရာခိုင်နှုန်း၊ ရေထုမြေထုလေထုနှင့် ဂေဟစနစ်များပျက်စီးလာပုံ သုံးစွဲမှုလျှော့ချရေး အသိပညာပေးချက်များ ပြန်လည်သုံးစွဲနိုင်မှုအခြေအနေနှင့် အမှိုက်များတွင်းမှပလပ်စတစ်များအား သီးခြားသိမ်းဆည်းနိုင်ရေးတို့ကို ပြသဆောင်ရွက်ပေးခဲ့သည်။

နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများအား  စုကလိမြို့ရုံးအနေဖြင့်လစဥ်ပုံမှန် အသိပညာပေးပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပိုပိုအောင်