လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်နိုင်အတွက် ကျောင်းအခြေပြု ကာကွယ် ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေလျက်ရှိကြသည့် (၁-၉-၂၀၁၁)ရက်မှ (၃၁-၈-၂၀၁၄) ရက် အတွင်းမွေးဖွားသော အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး စာသင်ကျောင်းအခြေပြု သားအိမ်ခေါင်းရောဂါကာကွယ် ဆေး(HPV)ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ (၂၅) ရက်နေ့အထိ ကျောင်းသူမိန်းကလေးငယ် စုစုပေါင်း (၅၃၀၆)ဦး ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ(၂၆)ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွင်း အသက်(၉)နှစ်ပြည့်ပြီး အသက် (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး(HPV)ကို ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)