သတင်းများ

အ-ထ-က(လဲချား)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကြံသီးနှံဧက လေးသောင်းကျော်စိုက်ပျိုးထားရှိ
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်တွင် ကြံသီးနှံ(၄၀၉၉၈)ဧကကို  တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ဦးစီးပဓာန နာယကလွန်တော်မူဆရာတော် (ဘဒ္ဒန္တဓမ္မသိရီ)အား (၃၂)နှစ်မြောက်အထိမ်းအမှတ် ပူဇော်ပွဲကျင်းပ
Sep 19,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ ရတ္တညူမဟာနာယက၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကမ္မာဋ္ဌာနာစရိယဖြစ်တော်မူသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဓမ္မသိရီ)အား (၃၂)နှစ်မြောက်အထိမ်းအမှတ် အာစရိယဂုဏပူဇော်ပွဲကို ယနေ့နံနက်၈နာရီခွဲက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်၌ ကျေးလက်အခြေခံမွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သား (ရက်ရှည်) သင်တန်းဖွင့်လှစ်
Sep 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်အခြေခံမွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သား(ရက်ရှည်) စာတွေ့၊ လက်တွေ့ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီ အချိန်က မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ပြည်နယ်အဆင့် ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရာဂါ ကာကွယ်ဆေး (HPV) ပြည်နယ်အဆင့် ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီ ၃၀ မိနစ်အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဇေယျာသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Sep 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (HPV)သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (HPV)သားအိမ်ခေါင်းကကာကွယ်ဆေးထိုးနှံလုပ်ငန်းအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချခြင်းအခမ်းအနားကို  စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သင်တန်းဖွင့်လှစ်လျက်ရှိသည်။
တံတားဦးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံ
Sep 19,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ယမန်နေ့နံနက် (၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။