ဒလ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာမများနှင့်ကျောင်းသူများတက်ရောက်ကြသသည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာထွန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက စက်တင်ဘာ ၁၈ ရက်နေ့မှစတင်ပြီး အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသူ(၄၂)ဦးကိုထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျောင်းများသို့ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စည်သူ