Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းဘူးမြို့၌ မဟာသင်္ကြန်အတက်နေ့ ပြည်သူများ အေးချမ်းစွာရေကစား
Apr 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့ ဧပြီလ ၁၆ ရက်က ဗဟိုမဏ္ဍပ်နှင့် လမ်းမများတွင် ဒေသခံပြည်သူများက အေးသင်္ကြန်အဖြစ် အေးချမ်းစွာ ရေကစားလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့၌ အေးချမ်းစွာရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေး ကုသိုလ်ပြုခြင်းများဖြင့် စည်ကား
Apr 16,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ရပ်ကွက်နှင့်ကျေရွာများရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများနှင့် စတုဒီသာကျွေးမွေးကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ဆက်လက်ပြုလုပ်
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ မြို့နယ်စတုဒိသာမဏ္ဍပ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် အတက်နေ့အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပ
Apr 16,2025
၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ငပုတောမြို့၊ ရှုခင်းသာကားဝန်းရင်ပြင်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ ရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိ
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်နေဝင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် (၁၃၈၆) ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့အား ရိုးရာအစဉ်အလာမပျက်ယဉ်ကျေးသိမ်မွေ့စွာဖြင့် သင်္ကြန်ကာလအတွင်း နေ့စဉ်နံနက်(၉)နာရီမှစ၍ ကျင်းပပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများဖြင့်အေးချမ်းစွာ ရေဖလားတွင်သပြေခက်ထည့်ကာ ရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များကျွေးမွေး လှူဒါန်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အေးသင်္ကြန် ဆက်လက်ကျင်းပ
Apr 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ယနေ့နံနက်ပိုင်းမှစ၍ ဆက်လက်ကျင်းပရာ ပြည်သူများက မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ စတုဒီသာကျွေးခြင်းဖြင့် အေးချမ်းသာယာစွာကျင်းပ
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်လမ်းလျှောက်သင်္ကြန်တွင် ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၁၀)ဖြတ်လမ်းထိပ်ရှိ ရွှေလတ်ဧရာစတုဒီသာမဏ္ဍပ်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပရာ ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများစုပေါင်းပြီး သင်္ကြန်ကာလ ကန်ဆယ်ခြင်း(ပြုပြင်ထိန်းသိမ်းခြင်း) ကုသိုလ်ပြုလုပ်
Apr 16,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာနေပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် ကျေးရွာတောရကျောင်းကန်တော်ကြီးအား မိုးရေပိုမိုစုဆောင်းနိုင်ရေးအတွက် ဧပြီ ၁၅ ရက်နေ့က ကျေးရွာနေပြည်သူများက သင်္ကြန်တွင်းကာလ ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
851
Page
852
Page
853
Page
854
Current page
855
Page
856
Page
857
Page
858
Page
859
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department