ဘိုကလေးမြို့နယ်တွင် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်
Sep 15,2023
ငါးရိက္ခာ ဖူလုံမှုရှိစေရေး၊ ငါးသယံဇာတပေါများ ကြွယ်ဝစေရေးနှင့် အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေးကို ရည်ရွယ်ကာ ယနေ့နံနက် (၉)နာရီခွဲအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် ကြေးတိုင်းအင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။