ပေါက်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သော (၅၉) နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သဝဏ်လွှာအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်ကိုကိုက ဖတ် ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကို လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အားပြသသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊အငြိမ်းစားရဲမှုထမ်းဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြ ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)