ညောင်ဦး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနစ်ရက်သားသမီးအပေါင်းမှ စက်တင်ဘာ ၂၉ ရက်၊ တော်သလင်းလပြည့် (ဂရုဓမ္မအခါ တော်)နေ့မှစတင်ပြီး မြန်မာပြည်ကြီး အေးချမ်းစည်ပင်ဝပြောစေရန် ကုသိုလ်ဒါနပြုလှူဒါန်းလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကုသိုလ်ပြု လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်၊နံနက် ၈ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင် ဆရာကြီး ဒေါ်ခေမာစာရီ အမှူးပြုသော ခုနှစ်ရက်သားသမီးအပေါင်းမှ ညောင်ဦးမြို့ သာယာဝတီဆိပ်ကမ်းတွင် ဝေနေယျ၊ သုခိတ ၊ဒုက္ခိတသတ္တဝါအားလုံး ဘေးဆိုး၊ ကပ်ဆိုး၊ ကြမ္မာဆိုးအပေါင်းမှကျော် လွှားလွတ်မြောက်စေရေန် ဆုတောင်းမေတ္တာပို့ကြပြီး ရှင်ဥပဂုတ်ဖောင်တော်အား စက်လှေဖြင့် ဧရာဝတီမြစ်လယ်မှ မျှောကြသည်။ ဆက်လက်၍ မဟာငှက်ပစ်တောင်ဘုရား ရှင်အရဟံအုတ်ကျောင်း၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ စက်တင်ဘာ ၃၀ ရက်နေ့၌ ရွှေစည်းခုံဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၇ နာရီအချိန်မှစတင်၍ ရှင်အဇ္ဇဂေါဏဘုရား၊ တာမဏီသိမ်ကျောင်းတို့ကို ပင့်သံဃာအရှင်သူမြတ် (၉)ပါးတို့ မှ ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပူဇော်ကြတော်မူသည်။ ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များထံမှ (၈)ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့ ဟောကြားသည့် အနုမောဒနာတရားနာယူကြပြီး ပင့်သံဃာအရှင်သူမြတ်တို့အား သင်္ကန်း၊ ယပ်၊ ထီး၊ ဖိနပ် စသည့် အခြံအရံလှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းကြကာ ရေစက်သွန်ချအမျှအတန်းပေးဝေ ကြသည်။
ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနှစ်ရက်သားအပေါင်းတို့မှ မဟာငှက်ပစ်တောင်ဘုရားတွင် သက်ကြီးဘိုး/ဘွား (၉၀)ဦး၊ တုရင်တောင်စွယ်တော်မြတ်စေတီတွင် သက်ကြီးဘိုးဘွား(၉၀)ဦး၊ ရွှေစည်းခုံစေတီတော် တွင် သက်ကြီးဘိုး/ဘွား(၁၀၈)ဦး၊ လောကနန္ဒာစွယ်တော် မြတ်စေတီတော်တွင် အဘိုး/ အဘွား(၉၀)ဦး၊ ရှင်အဇ္ဇဂေါဏဘုရားတွင် သံဃာတော်အရှင်သူမြတ်(၄၂၀)ပါး၊ သီလရှင် ဆရာကြီး/လေး (၁၀၈)ပါး၊ တို့အား သင်္ကန်း၊ ယပ်၊ ထီး၊ ဖိနပ်၊ ဝတ္ထုငွေများ စသည့်အခြံအရံလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြပြီး အဘိုးအဘွား(၁၂၀)ဦးတို့ကို စုစုပေါင်းအဘိုးအဘွား (၄၉၈)ဦးတို့အား ဆန်၊ ဆီ၊ ဆား ၊ကုလားပဲ၊ ထီး၊ ဖိနပ်၊ အင်္ကျီ၊ ငွေသားများအား စုပေါင်းလှူဒါန်းပေးခဲ့ကြကြောင်းသိရပြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးတိုးလွင်နှင့်ဇနီး၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဇနီးတို့ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။
ဒီပါလင်း