သတင်းများ

ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၂) ဒသမ (၉၅) ရာခိုင်နှုန်းရှိ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာ ရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာမြို့နယ် အတွင်းဖြေဆိုသူစုစုပေါင်း (၁၀၅၀)ဦးဖြေဆိုခဲ့ပြီး‌ အောင်မြင်သူ (၄၅၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၂) ဒသမ (၉၅) ရာခိုင်နှုန်းအောင်မြင် ခဲ့ကြောင်းသိရသည်။   
ဝါးခယ်မတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ ဝါးခယ်မမြို့တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၄၆.၇၂ ရာခိုင်နှုန်းရှိ
Jul 29,2025
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇူလိုင်လ ၂၇ နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်မှ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၅ ဒသမ ၈၉ ရာခိုင်နှုန်းအောင်မြင်
Jul 29,2025
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်က တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူပေါင်း ၈၇၁ ဦးရှိးခဲ့ ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသား ၂၈၁ ဦး၊ကျောင်းသူ ၃၈၀ ဦး စုစုပေါင်း ၆၆၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၅ ဒသမ ၈၉ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိ၊ MSMEs လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Jul 29,2025
သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးဦးဆောင်၍ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များအား စက္ခုဒါနအလှူတော် ဒုတိယနေ့အဖြစ် ဇူလိုင်လ(၂၇)ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ၂၀၂၅ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ရာ ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၆၄)ဦးအနက် (၂၂)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆) အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အ.ထ.က-ချောင်းသာစာစစ်ဌာန၌ ယမန်နေ့နံနက် (၄)နာရီကစတင်၍ ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။