ချောင်းသာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်

ချောင်းသာ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အ.ထ.က-ချောင်းသာစာစစ်ဌာန၌ ယမန်နေ့နံနက် (၄)နာရီကစတင်၍ ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။

ချောင်းသာမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ချောင်းသာစာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စုစုပေါင်း (၃၃)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားပေးမည်ဖြစ်ပြီး နံနက် ၄ နာရီမှစ၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)