ဓနုဖြူ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆) အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားပြီး၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓနုဖြူမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၂၇) ဦးရှိရာ၊ ဂုဏ်ထူးဖြင့်အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၄)ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ အောင်မြင်သူ စုစုပေါင်း (၃၇၉) ဦး အောင်မြင်ကြောင်းနှင့် အောင်မြင်မှုရာနှုန်း (၄၅.၈၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။
အောင်ပြည့်ဖြိုးဇော်