ရွှေသောင်ယံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ရွှေသောင်ယံ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ၂၀၂၅ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ရာ ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၆၄)ဦးအနက် (၂၂)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

အ.ထ.က(ရွှေသောင်ယံ) စာစစ်ဌာနတွင် အ.ထ.က(ရွှေသောင်ယံ)၊ အ.ထ.က(အုန်းချောင်း)၊ အ.ထ.က(သပေါ့ကန်စသည့်ကျောင်းများမှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အ.ထ.က(ရွှေသောင်ယံ)မှ(၁၀)ဦး၊ အ.ထ.က(အုန်းချောင်း)မှ(၅)ဦး၊ အ-ထ-က(သပေါ့ကန်)မှ (၇)ဦး စုစုပေါင်း(၂၂)ဦးအောင်မြင်ခဲ့သည့်အတွင်း အ.ထ.က(ရွှေသောင်ယံ) စာစစ်ဌာနအနေဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၃၄.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရွှေသောင်ယံ