ကလေး စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် (၁၀)နာရီက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်က လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု နှင့် ထိတွေ့ဆက်ဆံနေရမည့်သူများဖြစ်သည့်အတွက် လုပ်ငန်းခွင်တွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပရိတ်သတ်ရှေ့တွင် စကား ပြောဟောနည်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ထိုသို့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးဆွေးနွေးပွဲများ ပြလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေပြီး လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားစေမည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကာ ဆွေးနွေးပွဲများကို လစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်