ကျွန်းလှ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်) ၌ ကျင်းပအကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်စကားဝိုင်းကျင်းပ ရခြင်းရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် မမေသဇင်ဦး Grade-11 က လူငယ်နှင့် မူးယစ်ဆေး၊ မောင်သျှိုင်းဝဏ္ဏဦး Grade-11က လူငယ်နှင့် အားကစား၊ မပန်းအိဝေ Grade-9က လူငယ်နှင့် ပညာရေး၊ မောင်ပြည့်စုံကျော် Grade-10 က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မသဒ္ဓါဖြူ Grade-10က လူငယ်နှင့် အနာဂတ်ရည်မှန်းချက် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရာတက်ရောက် လာကြည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးတက်ရောက်ကြပြီး စာအုပ် စာစောင်များ၊ နံကပ်စာစောင်နှင့် ဓါတ်ပုံများ စိတ်ပါဝင် စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ