မင်္ဂလာတောင်ညွန့် ဇူလိုင် ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုသူ ကျား(၁၀၆)ဦး၊ မ(၁၄၅)ဦးစုစုပေါင်း (၂၅၁)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ ကျား(၃၇)ဦး၊ မ(၆၈)ဦး စုစုပေါင်း(၁၀၅)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့်(၄၁.၈၃)ဖြစ်ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၇)ဦး နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူရှင်(၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ စုစုပေါင်း(၁၀)ဦး ဂုဏ်ထူးရဘာသာဖြင့် အောင်မြင်ခဲ့ကြပါကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)