အမာမြို့၊ အ.ထ.ကကျောင်း၌ Online/ Telegram လိမ်လည်မှုများမှ ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

အမာ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ Online/Telegram လိမ်လည်မှုများမှ ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် အမာမြို့နယ်မြေရဲစခန်းမှ  စခန်းမှူး ရဲအုပ်မိုးကျော်လွင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် Online /Telegram သုံးစွဲရာတွင် တွေ့ကြုံရမည့် လိမ်လည်မှုများအကြောင်း၊  သတိပြုဆင်ခြင်ရမည့်အကြောင်းများ၊ မှုခင်းကျဆင်းရေးအတွက် လိမ်လည်မှုအန္တရာယ်များအကြောင်းတို့ကို ယခုလက်ရှိ လိမ်လည်မှုများကို သာဓကထား၍ ဆင်ခြင်နိုင်ကျစေရေး  အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး မှတ်တမ်း ဗွီဒီယိုများပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အမာမြို့နယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်မိုးကျော်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)