မအူပင် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ Polytechnic University (Maubin), Faculty of Computing ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက မအူပင်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် Polytechnic University (Maubin), Faculty of Computing ကျောင်းသူလေးများမှ ပြည်ထောင်စုအင်အားသီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ပြီး ပထမဆုရရှိသည့် တတိယနှစ်အသင်း၊ ဒုတိယဆုရရှိသည့် ပထမနှစ် Team 1 အသင်း၊ အကောင်းဆုံးဘောလုံးသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အသန့်ရှင်းဆုံးဘောလုံးအသင်းဆုများအား ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)