ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံအေရိုးဗစ်လူရွေးပြိုင်ပွဲ အခမ်းအနားကျင်းပ

ဗိုလ်တထောင် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အားကစားခန်းမ၌ (၂၀၂၅) ခုနှစ်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အေရိုးဗစ်လူရွေးပြိုင်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ အခမ်းအနားကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ အကဲဖြတ်ဒိုင်လူကြီးများအား ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအား တက်ရောက်လာသော တာဝန်ရှိသူများမှ လိုက်လံနှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်ခဲ့ပါသည်။

၎င်းနောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တစ်ဦးချင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ပုဇွန်တောင်အသင်းနှင့် မင်္ဂလာတောင်ညွန့်အသင်းတို့အား ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝေဇင်၊ မြို့မိမြို့ဖ ဦးမြင့်လွင်နှင့် မြို့မိမြို့ဖ ဦးဟန်ဇော်ထွေးတို့မှ ဆုများချီးမြှင့်ခြင်း၊ တတိယဆုရရှိသော ဗိုလ်တထောင်အသင်းအား ဒေါပုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးမှ ဆုချီးမြှင့်ခြင်း၊ ဒုတိယဆုရရှိသော ဒေါပုံအသင်းအား ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာဒေါ်ခင်သူဇာစိန်မှ ဆုချီးမြှင့်ခြင်း၊ ပထမဆုရရှိသော သာကေတအသင်းအား ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်မှ ဆုချီးမြှင့်ခြင်း၊ (၉) ယောက်တွဲပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ပုဇွန်တောင်အသင်းနှင့် ဗိုလ်တထောင်အသင်းများအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးနှင့် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်တို့မှ ဆုချီးမြှင့်ခြင်း၊ တတိယဆုရရှိသော သာကေတအသင်းအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်မှ ဆုချီးမြှင့်ခြင်း၊ ဒုတိယဆုရရှိသော မင်္ဂလာတောင်ညွန့်အသင်းအား ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်မှ ဆုချီးမြှင့်ခြင်း၊ ပထမဆုရရှိသော ဒေါပုံအသင်းအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ ဒိုင်းဆုနှင့် ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော တာဝန်ရှိလူကြီးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြာက်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမင်းဆွေဦး၊ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်ခင်သူဇာစိန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အားကစားမှူးများ၊ ဒေါပုံမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေါပုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများစုစုပေါင်းအင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)