ချောက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေး(HPV Vaccine)ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ပြည်သူဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အစည်းအဝေးတက်ရောက်လာသူများအား မေတ္တာလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)၊ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ ခရိုင်ကျန်းမာရေးဦးစီးမှူးဒေါက်တာ မျိုးသက်ဦးကအသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင် ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံမှုနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်း ကင်ဆာရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံနိုင်ရေး အခြေခံပညာကျောင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှပူး ပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦး စန်းဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)